- ထုတ်ကုန်ထုထည် - ၁၂၀ မီလီလီတာ
- ပါဝင်သောဆေးပစ္စည်းများ - ဆေးရည် (၁၀) မီလီလီတာတွင် ပင်စိမ်းရွက် ၁၀၀ မီလီဂရမ်၊ မုယားကြီးရွက် ၆၀ မီလီဂရမ်၊ နွယ်ချိုမြစ် ၆၀ မီလီဂရမ်၊ နနွင်းတက် ၅၀ မီလီဂရမ်၊ ဆင်တုံးမနွယ် ပင်စည် ၃၀ မီလီဂရမ်၊ ဇီယာရွက်ထူရွက် ၂၀ မီလီဂရမ်၊ ခရမ်းကစော့သီး ၂၀ မီလီဂရမ်၊ ဥသျှစ်ရွက် ၂၀ မီလီဂရမ်၊ စမုန်စပါးစေ့ ၂၀ မီလီဂရမ်၊ ချင်းတက် ၁၀ မီလီဂရမ်၊ ပိတ်ချင်းသီး ၁၀ မီလီဂရမ်၊ ငရုတ်ကောင်းစေ့ ၁၀ မီလီဂရမ်တို့မှ ထုတ်ယူရရှိသော ဆေးအဆီအနှစ်များနှင့် ပရုတ်အေး ၆ မီလီဂရမ်တို့ ပါဝင်ပါသည်။
- သုံးစွဲရန်အညွှန်း - အဆုတ်ရောင်၍ ချောင်းဆိုးခြင်း၊ အအေးမိတုပ်ကွေးဖြစ်၍ ချောင်းဆိုးခြင်းတို့တွင် ချွဲ၊ သလိပ်များကို ပျော်စေပြီး ချောင်းဆိုးခြင်းကို သက်သာစေပါသည်။
- သုံးစွဲရန်ပမာဏ - ၂ နှစ် မှ ၁၂ နှစ် အထိ – တစ်ခါသောက် ၅ မီလီလီတာ၊ ၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ၁၅ မီလီလီတာ၊ တစ်နေ့ လေးကြိမ် သောက်ပါ။
- ဘေးထွက်ဆိုးကျိုး - သတ်မှတ်ထားသော ဆေးပမာဏအတိုင်း သောက်ပါက ဆေးကြောင့် အိပ်ငိုက်ခြင်း၊ မူးဝေခြင်းများ မရှိပါ။