- အရေအတွက် - ၁၀ ခု
- အရွယ်အစား - ၂၄၅ မီလီမီတာ
- ထုတ်လုပ်သည့်နိုင်ငံ - တရုတ်
- ထားသိုပုံအညွှန်း - ရောဂါပိုးမွှားနှင့်ဖုန်မှုန့်စသည့် အန္တရာယ်မှကင်းဝေးစေရန်အတွက် သန့်ရှင်းခြောက်သွေ့သောနေရာတွင်ထားပါ။
- သုံးစွဲပုံအညွှန်း - ကျောဘက်တွင် ရှိသော ကပ်ခွာကို ခွာ၍ အတွင်းခံ ဘောင်းဘီအလယ်တွင် ကပ်ပါ။ ထို့နောက် တောင်ပံ ကပ်ခွာများကို အတွင်းခံ၏ အောက်မျက်နှာပြင်တွင် ခေါက်၍ကပ်ပါ။
- အသိပေးချက် - ယားယံလာပါက ဆက်အသုံးမပြုပါနှင့်။ ဤအမျိုးသမီးလစဉ်သုံး ပစ္စည်းသည် ခန္ဓာကိုယ်ပြင်ပတွင်သာ အသုံးပြုရန်။ အိမ်သာထဲသို့ မစွန့်ပစ်ရ။သင့်ကျန်းမာရေးအတွက် ၄ နာရီခြားတခါ လဲလှယ်သင့်ပါသည်။
- ကုန်ပစ္စည်းမိတ်ဆက် - စုပ်ယူမှုအားကောင်းပြီး အရည်ပမာဏများစွာကို ကြာရှည်လုံခြုံစွာ ထိန်းသိမ်းပေးထားနိုင်ခြင်း၊ လျှင်မြန်စွာ စုပ်ယူစေပြီး ပြန်လည်ယိုစိမ့်မှု မဖြစ်ပေါ်စေနိုင်ခြင်း၊ အရည်စီးဆင်းပျံ့နှံ့မှုကို တားဆီးနိုင်သော အနားသပ်များပါခြင်း၊ ပါးလွှာသော အလွှာရှစ်လွှာဖြင့် ဖွဲ့စည်းထားခြင်းကြောင့် လေဝင်လေထွက်ကောင်းမွန်ပြီး ပူလောင်အိုက်စက်မှုမဖြစ်စေခြင်း၊ အလွန်နူးညံ့သော ချည်သားဇကာမျက်နှာပြင်ဖြင့်ဖွဲ့စည်းထားခြင်းကြောင့် သက်သောင့်သက်သာရှိစေပါသည်။