- မူလစာမျက်နှာ
- ပစ္စည်းအမျိုးအစားများ
- စာအုပ်နှင့် စာရေးကိရိယာများ
- စာပေနှင့် ဂီတပစ္စည်းများ
- မြန်မာ စာအုပ်များ
- ရသစာပေ
- ကိုယ်ရဲ့ချစ်လှစွာသော (စာရေးသူ ခွန်းညိုသွေး)
ဤစာအုပ်သည် ကျွန်တော်ရေးနေကျ အဖွဲ့အနွဲ့ရသအပြင် ပေးချင်တဲ့ Massage လေးတွေလည်း ရှိတာကြောင့် အဖွဲ့အနွဲ့ဘက်သွားသည့် စကားပြေတွေ၊ အကြောင်းအရာဘက် သွားသည့် စကားပြေတွေကို မျှထည့်ထားပါသည်။ “ကိုယ့်ရဲ့ချစ်လှစွာသော” စာအုပ်တွင် ကျွန်တော့် စိတ်ထဲရှိ ဖြစ်ပျက်မှုများ၊ ချစ်ခြင်းမေတ္တာ၏ လွှဲချော်မှုများ ၊ လူများ၏ သဘာ၀ နှင့် စိတ်တွေ အကြောင်းကို ဖွင့်ဟထားပြီး တစ်ချို့စကားပြေတွေမှာ ချစ်ခြင်းမေတ္တာကို ကျွန်တော် မေးခွန်းထုတ် ထားပါသည်။ တစ်ချို့စကားပြေတွေမှာ လူတွေကို ကျွန်တော်မေးခွန်းထုတ်ထားပါသည်။ အဖြေဟာ ဘာဖြစ်ရမယ်လို့ မပြောထားပါဘူး။ စာဖတ်တဲ့သူတွေဘက်က တွေးချင်တာတွေးလို့ရမယ့် လွတ်လပ်မှုမျိုး ကျွန်တော်ဖွင့်ဟထားပါသည်။ ခေါင်းစဉ်ဖြစ်တဲ့ ကိုယ့်ရဲ့ချစ်လှစွာသော စကားပြေတွေကို ၁ကနေ ၆အထိ ကျွန်တော် ရေးဖြစ်ပါသည်။ ကျွန်တော့်၏ ချစ်ခြင်းမေတ္တာအပေါ်ခံယူပုံအတွက် ကျွန်တော်ပျော်ရွှင်ရပါသည်။ ကိုယ့်ရဲ့ ချစ်လှစွာသော-၇ ကို ဆက်မရေးဖြစ်တော့ပါဘူး။ ဆက်လည်း မရေးနိုင်တော့လောက်ဘူးလို့ ကျွန်တော်ထင်မိသည့်အတွက် စာမျက်နှာလေးတစ်ခု ချန်ထားပေးပါသည်။ စာဖတ်သူတွေဆီက ကိုယ့်ရဲ့ချစ်လှစွာသော-၇မှာ ချစ်ခြင်းမေတ္တာအတွက် စကားလုံးတွေကို ရေးသားပြီး ကိုယ့်ရဲ့ ချစ်လှစွာသော တစ်ယောက်ယောက်ဆီကို ပေးပို့ဖြစ်တယ်ဆိုရင် ကျွန်တော့်ကြောင့် ချစ်ခြင်းမေတ္တာ ကြားမှာ ဆက်နွယ်မှုလေး တစ်ခုရရှိမယ်ဆိုရင် ကျွန်တော်ထပ်ပြီးပျော်ရွှင်ရမှာပါ။ ကျွန်တော့်ကိုယ်စား ဆက်လက်ရေးသားပေးကြပါ။ ကိုယ့်ရဲ့ချစ်လှစွာသော တစ်စုံတစ်ယောက်နဲ့ မျှဝေပါ။ ကမ္ဘာမြေပေါ်မှာ ချစ်ခြင်းမေတ္တာနှင့် ရှင်သန်ကြတဲ့အခါ ကိုယ့်ရဲ့ ချစ်လှစွာသော တစ်စုံတစ်ယောက်နှင့် ကိုယ့်ကို ချစ်လှစွာသော တစ်စုံတစ်ယောက်တို့ ထပ်တူကျစွာ လက်ချင်းဆုပ်ကိုင်နိုင်ကြဖို့ ကျွန်တော် ဆုတောင်းလိုက်ပါသည်