- မူလစာမျက်နှာ
- ပစ္စည်းအမျိုးအစားများ
- စာအုပ်နှင့် စာရေးကိရိယာများ
- စာပေနှင့် ဂီတပစ္စည်းများ
- မြန်မာ စာအုပ်များ
- ရသစာပေ
- နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက် (စာရေးသူ နုနုရည်အင်းဝ)
ဘဝကို နှစ်ဆယ့်ရှစ်နှစ်တိုင် ဖြတ်သန်းလာပြီးဖြစ်သည့် မိန်းကလေးတစ်ဦး၏ ဘဝဇာတ်ကြောင်းကို ရေးဖွဲ့ထားသည်။ စာရေးသူ၏ ဘဝအစိတ်အပိုင်းတော်တော်များများကို ရောယှက်ထားသည်။ အသက်မပါဘဲ မွေးဖွားလာသည်ဟု ယူဆကာ မိဘများက စွန့်ပစ်တော့မည့်ဆဲဆဲ ကလေးငယ်ကို အဘွားဖြစ်သူက မျှော်လင့်ချက်ဖြင့် ပြုစုယူရင်း အသက်ရှင်ခွင့်ရသည့် အမျိုးသမီးသည် ထိုအဘွားနှင့် အဘိုးကပင် ဆက်လက်မွေးစားကာ ကြီးပြင်းလာခဲ့သည်။ ဖခင် ၊ မိခင်တို့က ပစ်ပယ်သည်တော့ မဟုတ်ဘဲ အဘိုး ၊ အဘွား၏ရင်ခွင်တွင် အလိုလိုက်ကြီးပြင်းခဲ့သော ထိုကလေးက စာဖတ်အလွန် ဝါသနာပါသည်။ သူ၏ ဘဝဇာတ်ကြောင်းကို အင်းဝနှင့် မန္တလေးနောက်ခံထားလျှက် ထိုကာလ တစ်လျှောက် မီးလောင် ၊ကမ်းပြိုမှ အစ ထူးခြားသော တကယ့်အဖြစ်အပျက်များ နောက်ခံထားခြင်း ၊ စာဖတ်ဝါသနာပါသူ ၊ အဆိုပါ ဇာတ်ကောင်ဖတ်ရှုခဲ့သော စာအုပ်များအကြောင်း အသေအချာ ရေးသားရောမွှေထားခြင်းတို့အပြင် လူမှုရေး ၊ စီးပွားရေးနိမ့်ကျနေသည့် တိုင်းပြည်တွင် ချို့တဲ့သူတို့ အတွက် ပညာရေးခရီးလည်း မဖြောင့်ဖြူးလှကြောင်း အရိပ်အမြွတ်လည်းထည့်သွင်းသည်။ ဇာတ် ကောင်အမျိုးသမီး၏ အချစ်ရေး ၊ အိမ်ထောင်ရေးဘဝကိုလည်း ခြယ်မှုန်းသည်။ ဇာတ်လမ်း ၊ ဇာတ် ကွက် ရိုးရှင်းသော်လည်း စာဖတ်သူကို တစ်ကွက်ချင်း ဖမ်းစားသွားမည့် စာအုပ်ဖြစ်ပါသည်။