- မူလစာမျက်နှာ
- ပစ္စည်းအမျိုးအစားများ
- စာအုပ်နှင့် စာရေးကိရိယာများ
- စာပေနှင့် ဂီတပစ္စည်းများ
- မြန်မာ စာအုပ်များ
- သင်ယူမှုနှင့် အဘိဓာန်
- ကိုရီးယားအခြေခံ သဒ္ဒါနှင့် လေ့ကျင့်ခန်းများ
ဤစာအုပ်သည်ကိုရီးယားဘာသာ၏အခြေခံသဒ္ဒါကိုလေ့လာလျက်ရှိသောကျောင်းသားများဖြည့်စွက်လေ့လာနိုင်စေရန်၊ ကိုရီးယားဘာသာကို သင်ကြားလိုသော်လည်း သင်တန်းသို့သွားရောက်ကာ အချိန်ပေး မသင်ယူနိုင်သောကျောင်းသားများ မိမိဘာသာမိမိ ကိုရီးယားဘာသာ၏ အခြေခံသဒ္ဒါကို လေ့လာနိုင်စေရန် ရည်ရွယ်ပါသည်။သဒ္ဒါများကို မသင်ကြားမီ ရေးတတ်၊ ဖတ်တတ်ဖို့ သိထားရမည့် ဗျည်းနှင့်သရ ၊ အသတ်သံများကိုလည်း စာအုပ်၏ ရှေ့ပိုင်းတွင် ရှင်းလင်းပေးထားပါသည်။ သဒ္ဒါများကို ရှင်းလင်းရာတွင်ခေါင်းစဥ်တစ်ခုချင်းစီအလိုက်သဒ္ဒါ၏ဖွဲ့စည်းပုံ၊မြန်မာလိုအဓိပ္ပါယ်၊အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲတတ်သော အသုံးအနှုန်းနှင့် အဓိပ္ပါယ်များ၊မြန်မာလိုအဓိပ္ပါယ်ချင်းတူသော်လည်း ကိုရီးယားလို ကွဲပြားသည့် ဝိသေသလက္ခဏာများနှင့် သချာ်ကိန်းဂဏန်းများ၏ သုံးနှုန်းပုံကိုလည်း နမူနာစာကြောင်းများဖြင့် လွယ်ကူစွာနားလည်သဘောပေါက်စေရန်ရှင်းလင်းပေးထားပါသည်။ထို့နောက် လေ့လာသူ ကျောင်းသားများအနေဖြင့် သင်ခန်းစာကို မည်မျှနားလည်ကြောင်း သိရှိနိုင်စေရန် လေ့ကျင့်ခန်းများလည်း ပေးထားပြီး ၎င်းလေ့ကျင့်ခန်းများကို စာအုပ်၏ နောက်ဆုံးအပိုင်းတွင် သဒ္ဒါနံပါတ်အလိုက် အဖြေမှန်ကို ဖော်ပြပေးထားပါသည်။ မိမိသိရှိလိုသော သဒ္ဒါကိုမာတိကာတွင် ကိုရီးယားဘာသာဖြင့်အလွယ်တကူရှာဖွေဖတ်ရှုနိုင်ပါသည်။ဤကိုရီးယားဘာသာအခြေခံသဒ္ဒါစာအုပ်သည် ကိုရီးယားဘာသာ၏သဒ္ဒါကို စတင်လေ့လာရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကို ဖြေရှင်းရာတွင် အနည်းငယ်သော အထောက်အပံ့ဖြစ်ပါစေရန် ရည်ရွယ်ရင်း လေ့လာဖတ်ရှုမှုအား အထူးပင် ကျေးဇူးတင်ရှိပါသည်။