- ထုတ်ကုန်ထုထည် - ၂၅၀မီလီလီတာ
- ထုတ်လုပ်သည့်နိုင်ငံ - ထိုင်း
- ထားသိုပုံအညွှန်း - အေး၍ ခြောက်သွေ့သောနေရာတွင်ထားပါ။ နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့သောနေရာတွင်ထားပါ။ ကလေးများနှင့်ဝေးရာတွင်ထားပါ။
- အသုံးပြုပုံအညွှန်း - Chaindrite Perforce 500 ဆေးရည်သည်အလွန်ပြင်းသောကြောင့် ကလေးများနှင့်ဝေးရာတွင်ထားပါ။ ဆေးရည်ကို ရေ (သို့) ဒီဇယ် အဆ ၁၀၀ ရောစပ်အသုံးပြုပါက ခြင်များကိုသေစေနိုင်သောကြောင့် ဆေးများကိုအလွန်အကျွံထည့်၍ အသုံးပြုပေးစရာမလိုပါ။ ဆေးဖျော်စပ်ရာတွင် မျက်မှန်၊ နှာခေါင်းစည်း၊ လက်အိတ်နှင့် ဘောင်းဘီရှည် အင်္ကျီလက်ရှည်တို့ကို ဝတ်ဆင်ပြီးမှသာ ဆေးကိုသေချာစွာဖျော်စပ်ရမည်။ ဆေးရည်ကို ပါးစပ်၊ မျက်စိ၊ နှာခေါင်း၊ အသားအရေနှင့် အဝတ်အစားများကို မထိစေရန် အထူးသတိထားရမည်။ ဆေးကိုင်တွယ်နေစဉ် ဆေးလိပ်မသောက်ရ၊ အစားမစားရပါ။ ဆေးပက်ဖြန်းချိန်တွင် အစားအသောက်များပေါ်သို့ ကျရောက်ခြင်းမရှိအောင် သေချာစွာဖုံးအုပ်ထားရပါမည်။ ဆေးပက်ဖြန်းကိုင်တွယ်ပြီးနောက်တွင် မျက်နှာနှင့် လက်ကို ဆပ်ပြာဖြင့်သေချာစွာဆေးကြောပြီး ရေချိုး၍အဝတ်လဲသန့်စင်ပေးရပါမည်။ ဆေးပုံးခွံများကုန်သွားလျှင် ရေဖြင့်သေချာစွာဆေးကြောပြီးမှသာ စွန့်ပစ်ရပါမည်။ မျက်စိအတွင်းသို့မတော်တဆ ဆေးရည်ဝင်ရောက်ခဲ့ပါက ရေသန့်သန့်ဖြင့် သေချာဆေးကြောပေးရပါမည်။
- ကုန်ပစ္စည်းမိတ်ဆက် - Chaindrite Perforce 500 ဆေးရည်သည် ခြင်၊ ယင်နှင့် ပျံသန်းတက်သောပိုးမွှားများကို သေစေနိုင်သော ဆေးရည်ဖြစ်ပါသည်။