text.skipToContent text.skipToNavigation
MTH Yatin Antitheft Alarm
MTH Yatin Antitheft Alarm ID: mth_5555513400038_1
Sold by MTH Online Store
  • MTH Yatin Antitheft Alarm
  • MTH Yatin Antitheft Alarm
  • MTH Yatin Antitheft Alarm
  • MTH Yatin Antitheft Alarm
  • MTH Yatin Antitheft Alarm
  • MTH Yatin Antitheft Alarm
  • MTH Yatin Antitheft Alarm
34,500 Ks

1
မြို့နယ် ဖြည့်သွင်းပါ
ဖြည့်သွင်းရန်

  • Country of origin - China
  • Description - Mini Infrared Ray Dual Remote Controller Alarm # အိမ်၊ ဂိုထောင်၊ ရုံးခန်း၊ ကုမ္ပဏီတို့မှာ ညဘက် (သို့မဟုတ်) ပိတ်ရက်တွေမှာ (သို့မဟုတ်) လူမရှိတဲ့အခါမှာ သူခိုး၊ ဖောက်ထွင်းသမားတို့ရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် စိတ်ချရသော တိကျသည့် အခြေခံလုံခြုံရေးပစ္စည်းလေးတစ်ခုပါ။ # စိတ်ချရတဲ့ လူယုံအစောင့်၊ ဆွေမျိုး၊ လုံခြုံရေးဝန်ထမ်းတို့ထက် ပိုမိုတိကျသေချာသော ကုန်ကျစရိတ်သက်သာသော ၂၄နာရီအလုပ်လုပ်နိုင်သော ထမင်းမကျွေး ရေမတိုက်ရသော အနီအောက်ရောင်ခြည်သုံး အချက်ပေးကိရိယာလေး ဖြစ်ပါသည်။ # လူဝင်ထွက်နိုင်သည့်နေရာ၊ ဥပစာတို့တွင် Main Base ကို နံရံကပ်တပ်ဆင်ထားပြီး ၎င်း၏ ရှေ့၅မီတာ (၁၅ပေ) ပတ်လည်၁၁၀ဒီဂရီ အကွာအဝေးအတွင်း လူဖြစ်စေ၊ လူ့ခန္ဓာလောက်ရှိသည့် အရာဝတ္ထုဖြစ်စေ လှုပ်ရှားဝင်ရောက်လာသည်နှင့် ၇ အိမ်ကြား ၈ အိမ်ကြား အသံကျယ်လောင်စွာ အချက်ပေးပါလိမ့်မည်။ # ON/ OFF ကို အကွာအဝေး ၈မီတာ (၂၄ပေ) အတွင်းမှ Remote Control ဖြင့် ပြုလုပ်နိုင်ပြီး ၂ယောက် အသုံးပြုနိုင်ရန် Remote Control ၂ခု ပါရှိပါသည်။ တစ်အိမ်သားလုံး အပြင်မထွက်မီ Remote Control ဖြင့် ON ထားလိုက်ပါ။ ONထားပြီး ၂မိနစ်အတွင်း ရှေ့မှဖြတ်သွားဖြတ်လာ လှုပ်ရှားမှုရှိလည်း အသံပေးမည်မဟုတ်ပါ။ အိမ်သားများ အပြင်ထွက်ချိန် တံခါးပိတ်ချိန်အထိ ခေတ္တစောင့်ဆိုင်းပေးသည့်သဘောဖြစ်ပါသည်။ ၎င်းစောင့်ဆိုင်းချိန် ကျော်လွန်မှ စတင်တာဝန်ထမ်းဆောင်ပြီး တစုံတယောက် ထွင်းဖောက်ဝင်ရောက်လာမှသာ အချက်ပေး အသံကုန်မြည်ပေးပါလိမ့်မည်။ ထိုအခါ ဘေးပတ်ဝန်းကျင်မှ သိရှိပြီး အချိန်မီ တားဆီးနိုင်ပါမည်။ # မြည်သံမှာ ရှေ့ နောက် ဘေးဘီ ပေ၂၀၀လောက်အထိ ကြားနိုင်သဖြင့် တိတ်တဆိတ်ဝင်လာသည့် သူခိုးမှာ ကျိန်းသေထွက်ပြေးရပါလိမ့်မည်။ အကယ်၍ အတင့်ရဲစွာ ၎င်းကိရိယာကို အသံမမြည်အောင် ဖျက်ဆီးမည်ဆိုပါကလည်း ဓါတ်ခဲပြုတ်မထွက်မချင်း အသံမြည်နေပါလိမ့်မည်။ ထို့ကြောင့် သေချာအောင် မျက်နှာချင်းဆိုင် အပေါ်ထောင့်နှစ်ဖက်တွင် တပ်ဆင်ထားပါက လွတ်လမ်းမရှိနိုင်တော့ပါ။ # Alarm မှာ အိမ်ရှင် အိမ်သား သူခိုး မခွဲခြားနိုင်ပဲ ဝင်လာသည်နှင့် အချက်ပေးမည် ဖြစ်သောကြောင့် အိမ်သားများ ပြန်လာသည့်အခါတွင် အသံကျယ်ကျယ် ထမမြည်အောင် တံခါးဖွင့်သည်နှင့်တပြိုင်နက် Remote Control ဖြင့် OFF လိုက်လျှင် Alarm မှာ တာဝန်ချိန်ပြီးဆုံးပြီဟု သိရှိပြီး အသံပြုခြင်းကို ရပ်နားလိုက်ပါတော့သည်။ # Main Base တွင် AA ဓါတ်ခဲ ၄လုံး ထည့်သွင်းအသုံးပြုရပြီး ( အကောင်းစားဓါတ်ခဲမျိုး ထည့်ထားလျှင် ) သာမန် ၁ပတ်မှ ၃ကြိမ် ၄ကြိမ်ခန့် အသံပြုရလျှင် ၃လခန့် အားခံပါသည်။ Remote Control တွင် အသင့်ပါရှိသော လက်ပတ်နာရီဓါတ်ခဲမှာ ၁နှစ်ခန့် အားခံပါသည်။ # Main Base သည် Infrared (လူမမြင်နိုင်သော အနီအောက်ရောင်ခြည်) ကို ထုတ်လွှင့်ပေးပြီး ရောင်ခြည်ဖြန့်ကျက်ရာ ဥပစာအတွင်း လှုပ်ရှားမှုရှိပါက ၎င်းထဲမှ ရောင်ခြည်အာရုံခံ Sensor က အလင်းယိုင်မှု နှင့် ရောင်ခြည်အစဉ်တကျမဟုတ်ပဲ ပြန်လည်ရောက်ရှိလာမှုကို သိရှိပြီး Alarm စနစ်ကို On ပေးပါသည်။ Remote ဖြင့် On လိုက်လျှင် (လူအပြင်ထွက်ချိန် တခါးပိတ်ချိန်တို့ကို စောင့်ဆိုင်းသည့်အနေဖြင့်) ၂မိနစ်ကျော်ကြာမှ စတင်အလုပ်လုပ်ပါသည်။ Main Base ရော Remote Control ပါ Infrared ray ကို အခြေခံ၍ အလုပ်လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် ညဘက်အမှောင် (သို့မဟုတ်) အခန်းလုံပိတ် မီးလုံးဝမထွန်းထားသော မှောင်အတိ၌ပင် တိကျစွာ လုပ်ဆောင်နိုင်ပါသည်။ မှတ်ချက်။ ။ အိမ်. ဂိုဒေါင်. ရုံးခန်းတို့တွင် လူမရှိပဲ တံခါးပိတ်ခဲ့လျှင် မီးဘေးအန္တရာယ် စိတ်ချရအောင် လျှပ်စစ်မီးအားလုံးပိတ်၍ မိန်းချသွားတတ်ကြပါသည်။ ထိုအချက်ကို ထုတ်လုပ်သူများက ကြိုတင်စဉ်းစား မြော်မြင်တတ်သောကြောင့် Power စနစ်ကို AC မသုံးပဲ တည်ငြိမ်လျှပ်စစ် DC ဓါတ်ခဲကိုသာ သုံးထားပါသည်။ IR ခေါ် အနီအောက်ရောင်ခြည် ဆင်ဆာ၏ ထောက်လှမ်း စွမ်းဆောင်နိုင်မှု အကွာအဝေးမှာ ၁၅ပေ ဖြစ်သော်လည်း အခြားသော အလင်းရောင်များ၊ CCTV မှထွက်သော IR ရောင်ခြည်များကြောင့် လျော့ကျသွားနိုင်ပါသည်။ ဆင်ဆာပေါ် အလင်းတိုက်ရိုက် မရောက်နိုင်သောနေရာ CCTV မျက်နှာမမူရာနေရာတို့တွင် ရွေးချယ်တပ်ဆင်သင့်ပါသည်။ တံခါးမကြီးဘက် မျက်နှာမူ၍ မျက်နှာကြက်နား ကပ်လျက်တပ်ဆင်ပါက ပိုကောင်းပါသည်။ ခွေး. ကြောင် စသော တိရစ္ဆာန်လေးများ ဖြတ်သွားရုံဖြင့် အသံမမြည်ပါ။ ပိုးဟပ်၊ အိမ်မြောင်စသော သတ္တဝါငယ်များ ဆင်ဆာပေါ် တက်လျှောက်ရုံဖြင့် အသံမမြည်နိုင်ပါ။