- အရောင် - အမဲရောင်
- ထုတ်လုပ်သည့်နိုင်ငံ - တရုတ်
- ကုန်ပစ္စည်းမိတ်ဆက် - Anker Liberty 4 NC Wireless Earbuds သည်ဆူညံသံများကို ပယ်ဖျက်ပေးပြီး နားကြပ်တွင်အာရုံခံနိုင်စွမ်း မြင့်မားသော နားတွင်း အသံအာရုံခံကိရိယာပါဝင်သောကြောင့် မြင့်မားသောအသံနှင့် ဆူညံသံအမျိူးမျိုးတို့ကို ၉၈.၅ရာခိုင်နှုန်းအထိ ဖယ်ရှားပေးနိုင်ပါသည်။ Liberty 4 NC မှာပါဝင်သည့် ANC 2.0 သည် နားနှင့်ပတ်ဝန်းကျင်ကို လိုက်လျောညီထွေဖြစ်အောင် တွက်ချက်မှုများပြုလုပ်ပေးပြီး ဆူညံသံများဖယ်ရှားကာ ကြည်လင်ပြီးပြတ်သားသော အသံများ နားဆင်နိုင်ရန် ပတ်ဝန်းကျင်နှင့် ချိန်ညှိပေးပါသည်။ 11mm Driver ဖြစ်ပြီး Hi-Res Wireless နှင့် LDAC နည်းပညာများပါဝင်သည့်အတွက် ပုံမှန် Bluetooth များထက် ချိတ်ဆက်မှုကို ၃ဆပိုမိုမြန်ဆန်စေပြီး ကြည်လင်ပြတ်သားသော အသေးစိတ်အသံကို နားဆင်နိုင်ပါသည်။ Liberty 4 NC တွင် HearID 2.0 ကိုအသုံးပြုထားတာကြောင့် နားနှင့်ကိုက်ညီသော အသံဖိုင်ကိုရှာဖွေနိုင်ပါသည်။ EQ Mode ၂၂ခု ပါဝင်သောကြောင့် မိမိနားနှင့်ကိုက်ညီသည့် Mode ကိုရွေးချယ်အသုံးပြုနိုင်ပါသည်။ Earbud Playtime သည် 10H အထိအသုံးပြုနိုင်ပြီး Case ကနေ 50H အထိအသုံးပြုနိုင်သောကြောင့် ခရီးသွားရင်းဖြစ်စေ၊ အားလပ်ရက်ရုပ်ရှင်ကြည့်သည်ဖြစ်စေ Battery ကုန်မှာကို စိုးရိမ်စရာမလိုဘဲ ဂီတနှင့် ရုပ်ရှင်များကို စိတ်ကြိုက်ခံစားနိုင်ပါသည်။ Bluetooth Version မှာ ၅.၃ ဖြစ်ပြီး ရေစိုခံနိုင်မှု IXP 4 ပါဝင်ပါသည်။ မိုက် ၆ခုနှင့် AI algorithm ပါဝင်ပါသည်။
- အာမခံ - ၁၂လ